မိန်းကလေး ပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ မော်ဒယ်၊ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်ဘီဂျေကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေကိုလည်း မနားတမ်းဆောင်ရွက်နေရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တိုင်ရွန်ဘီဂျေကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တိုင်ရွန်ဘီဂျေက ဓါတ်ပုံ အချို့ကို တင်ပြီး “မဆူရဘူးနော် ဦးကို 😬 ကြိုပြောထားတာ” လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ ရိုက်ကွင်းက ဓါတ်ပုံတွေကို တင်ပြီး ပရိသတ်တွေ စိတ်ဆိုးမှာစိုးလို့ ကြိုပြီးတော့ စကားပုလ္လင် ခံလိုက်တဲ့ပုံပါပဲ။

ရိုက်ကွင်းမှာ ကြိုးကြိုးစားစား သရုပ်ဆောင်နေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Tyron Bejay