နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ နာမည်ကျော် မော်ဒယ်၊ မင်းသား တစ်ယောက်ဖြစ်တဲ့ Tyron ကတော့ လတ်တလောမှာ ပြုလုပ်ကျင်းပနေတဲ့ Value Art Management model ပြိုင်ပွဲကို သွားရောက်ခဲ့ပါတယ်။

မင်းသားတစ်ယောက်အဖြစ် သရုပ်ဆောင်သက်တမ်း သိပ်မကြာသေးပေမယ့် ဝါရင့်မော်ဒယ်တစ်ယောက်အဖြစ် အောင်မြင်မှုတွေရခဲ့တဲ့ Tyron ကတော့ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို လေ့ကျင့်ရေးပေးတဲ့ ဆရာတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

မော်ဒယ်မင်းသားကြီး Tyron ကတော့ ပြိုင်ပွဲကို သွားရောက် ထရိန်နင်ပေးခဲ့တဲ့ ဓါတ်ပုံတွေကို သူရဲ့ ဖေစ်ဘုတ်မှာ တင်ထားပါတယ်။ ပရိသတ်တွေကို စကားလှလှလေးတွေနဲ့ ချုပ်တတ်တဲ့ Tyron ကတော့ ထုံးစံအတိုင်း ပရိသတ်တွေကို ကြွေကျမြေခစေလောက်တဲ့ စာသားတွေကို ရေးပြီး ဓါတ်ပုံတွေနဲ့ တွဲပြီးတင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ Tyron ရဲ့ အပြောတွေကို အရမ်းကို သဘောကျနေကြပါတယ်။

Source: Tyron Bejay