Twice အဖွဲ့ဝင် ဂျပန်မလေး Mina ကတော့ တကယ့်ကို နတ်သမီးလေးတစ်ပါးပါပဲ။ Mina ဟာ Twice အဖွဲ့ရဲ့ ရက်(၈၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက ကိုရီးယားနိုင်ငံမှာ ကိုယ်အင်္ဂါလှူဒါန်းဖို့အတွက် စာရင်းသွင်းလိုက်ပြီ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ၂၀၁၃ ခုနှစ်ကတည်းက စာရင်းပေးသွင်းခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။

Mina က ဒီအကြောင်းကို Twice အဖွဲ့ရဲ့ အင်စတာဂရမ်မှာ တင်ပြီး ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

“မင်္ဂလာပါ Once (Twice ပရိသတ်များကိုခေါ်သောအသုံးအနှုံး)တို့ရေ! ဒီနှစ်ကို ကောင်းကောင်း ဖြတ်သန်းခဲ့ကြတယ်မလား။ ဒီနေ့ကတော့ Twice အဖွဲ့ရဲ့ ရက် ၈၀၀ ပြည့်ပါ။ ဒီနှစ်နှစ်ဆုံးမှာတော့ ကိုယ်အင်္ဂါလှူဖို့အတွက် စာရင်းပေးခဲ့ပြီ ဖြစ်ပါတယ်။ Twice ကိုအမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒီနေ့လည်း ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ”လို့ Mina ရေးထားတာဖြစ်ပါတယ်။

နတ်သမီးလေး Mina ရဲ့ စိတ်သဘောထားပြည့်ဝမှုတွေကတော့ ဒါအကုန်မဟုတ်သေးပါဘူး။ Mina ဟာ နေမကောင်းတဲ့ ကလေးငယ်လေးတွေကို လူတွေများများသိပြီး ကူညီနိုင်ဖို့အတွက် ကိုယ်တိုင်သိုးမွှေးဦးထုပ်လေးတွေထိုးပြီး အင်စတာဂရမ်မှာ “Save the children” လို့ရေးပြီး ပိုစ့်တင်ထားပါသေးတယ်။ တစ်ပါးသူတွေအပေါ် စဉ်းစားတတ်ပြီး ကူညီပေးတတ်တဲ့ Mina ရဲ့ စိတ်ထားကတော့ အံ့မခန်းပါပဲ။

Source: Koreaboo