Kpop boy group TVXQ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ MAX Changmin ကတော့ သူ့ရဲ့ အံ့သြလောက်စရာ အချက်အပြုတ်စွမ်းရည်ကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်နော်။ January 14 ရက်နေ့က MAX Changmin ဟာ သူ့ရဲ့ instagram ပေါ်မှာ သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အစားအသောက်ဓာတ်ပုံတစ်ချို့ကို တင်ပေးလာခဲ့တာပဲ ဖြစပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
ဓာတ်ပုံတွေထဲမှာတော့ MAX Changmin က apron ကြီးကိုဝတ်ထားပြီး လက်ထဲမှာ အသားပန်းကန်ပြားကို ကိုင်ထားခဲ့တာပါ။ မကြာသေးခင်က MAX Changmin ဟာ အချက်အပြုတ်သင်တန်းကို တက်ရောက်သင်ယူထားခဲ့တာလည်း ဖြစ်ပါတယ်နော်။
View this post on Instagram
ဒါကိုကြည့်ခြင်းအားဖြင့် MAX Changmin က ချက်ပြုတ်ရတာကို ဝါသနာပါတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ သူ့ရဲ့ instagram ပေါ်မှာ သူကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဟင်းလျာဓာတ်ပုံတွေအများကြီးကို တင်ထားတာပဲ ဖြစ်ပါတယ်နော်။
View this post on Instagram
သူက များစွာသော ပုံစံအမျိုးမျိုးနဲ့ စတူးဟင်းတွေကိုလည်း ချက်ပြုတ်တတ်သလို တကယ့်ကို သရေကျချင်စရာ အစားအသောက်တွေကို professional ကျကျ ချက်ပြုတ်ထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အချက်အပြုတ်စွမ်းရည်တွေကို ပရိတ်သတ်တွေက “သူ့မိန်းမကတော့ တကယ့်ကို ကံကောင်းမှာ” “နည်းနည်းလောက် စားလို့ရနိုင်မလား” “အိုး အရသာရှိမယ့်ပုံပဲ” စသဖြင့် ပြောထားကြတာ ဖြစ်ပါတယ်။
View this post on Instagram
Khin