တောင်ကိုရီးယားမှာတော့ အနုပညာရှင်တော်တော်များများဟာ အင်စတာဂရမ်၊ ဖေ့စ်ဘုတ်၊ တွစ်တာစတဲ့ ဆိုရှယ်မီဒီယာတွေကို စွဲစွဲလန်းလန်း မသုံးစွဲကြပါဘူး။ အဲဒီ အနုပညာရှင်တွေထဲမှာတော့  ကိုရီးယားရဲ့ ထိပ်တန်းအနုပညာရှင်ကြီးတွေလည်း အပါအဝင်ပါပဲ။ သူတို့တွေကို ဘာကြောင့်ဆိုရှယ်မီဒီယာကို မသုံးစွဲကြသလဲလို့ မေးတဲ့အခါမှာတော့ အခုလိုပဲ ပြန်ပြီး ဖြေခဲ့ကြပါတယ်။

1. Gong Yoo

“ဆိုရှယ်မီဒီယာကနေ တစ်ဆင့် ကိုယ့်ရဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောတဲ့အခါ ကိုယ်အတွက် အကျိုးရှိတာ တစ်ခုခု ရနိုင်တာလည်း ရှိသလို ဆုံးရှုံးသွားရတာ တစ်ခုခုလည်း ရှိစမြဲပါပဲ။ ကျွန်တော်ကတော့ ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လူတွေကို ဖွင့်မပြချင်ဘူး။”

2. Ha Jung Woo

Jung Woo ကတော့ သူ့အသက် (၅၀)ရောက်မှ ဆိုရှယ်မီဒီယာတွေ စသုံးမယ်လို့ ပြောခဲ့ပြီး အခုထိတော့ မလိုအပ်သေးဘူးလို့ ပြောခဲ့ပါတယ်။

3. Song Joong Ki

“ကျွန်တော်က နည်းပညာနဲ့ ပတ်သတ်ပြီး သိပ်မကျွမ်းကျင်ပါဘူး။ မသုံးတတ်လို့ မသုံးတာပါ”

4. Park Hae Jin

သူကတော့ ဆိုရှယ်မီဒီယာကနေတစ်ဆင် ပရိသတ်တွေနဲ့ ဆက်သွယ်တာဟာ ကောင်းတာထက် ဆိုးတာများတဲ့အပြင် ကောလာဟလဆိုတာလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ဖြစ်ပေါ်လာနိုင်တယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ဆိုရှယ်မီဒီယာကို မသုံးဖြစ်တာပါလို့ ပြောခဲ့ပါတယ်။

5. Yoo Jae Suk

“ဆိုရှယ်မီဒီယာ သုံးတဲ့ သူတွေဟာ အဲဒီ တစ်ခုထဲကိုပဲ အာရုံစိုက်တတ်ကြပြီး အခြားကိစ္စတွေကို အာရုံမစိုက်ဖြစ်ကြတော့ ပါဘူး။ အဲဒါကြောင့် ကျနော်လည်း ဆိုရှယ်မီဒီယာကို မသုံးတာပါ ”

Source: Koreaboo