YG Entertainment မှာတော့ မင်းသား၊ မင်းသမီး စုစုပေါင်း(၄၅)ယောက် ဝန်းကျင်လောက် ရှိပါတယ်။ YG Entertainment မှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင် မင်းသမီးတွေရှိသလို တက်သစ်စ အမျိုးသမီး သရုပ်ဆောင်တွေလည်း အများကြီးရှိပါတယ်။ မင်းသမီး ငယ်ငယ်လေးတွေသာမက အသက်ကြီးကြီး သရုပ်ဆောင်အမျိုးသမီးတွေလည်း ရှိတဲ့ YG Entertainment မှာ ဘယ်သူတွေက YG Entertainment ထိပ်တန်းမင်းသမီးတွေလည်း ဆိုတာ ပရိသတ်တွေလည်း သိချင်ကြမှာဖြစ်လို့ ဖေါ်ပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မင်းသမီးတွေ ပါနေလားဆိုတာ ကြည့်လိုက်ပါဦးနော်။

1- Kim HeeJeong

သူမကတော့ ကလေးသရုပ်ဆောင် အနေနဲ့ အနုပညာလောကကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အမျိုးသမီးအကအဖွဲ့ဝင် တစ်ေ်ယာက်ဖြစ်တယ်လို့လည်း လူသိများပါတယ်။ သူမကတော့ မော်တော်ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ “Who Are You: School 2015” မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

2- Go JoonHee

သူမကတော့ မော်ဒယ်၊မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ “Queen of Ambition” နဲ့ “She Was Pretty”  ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

3- Yoo In Na

သူမကတော့ ကိုရီးယား အမျိုးသမီး ထိပ်တန်းသရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ “Queen InHyun’s Man”  “You Who Came From the Stars” နဲ့“Goblin”  ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

4- Kim SaeRon

Kim Sae Ron ကတော့ ပရိသတ်တွေကြားမှာ လူသိများလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ “Hi! School: Love On” နဲ့ “Mirror of the Witch” ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

5- Lee SungKyung

သူမကတော့ ပရိသတ်တွေတိုင်း ကြိုက်ကြတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ “Cheese in the Trap”  “Doctors” “Weightlifting Fairy Kim BokJoo” နဲ့ “About Time”(2018) ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

6- Im Ye Jin

သူမကတော့ သရုပ်ဆောင်လောကမှာ အတော်ဝါရင့်နေပြီဖြစ်တဲ့ မင်းသမီးကြီးဖြစ်ပါတယ်။ သူမကတော့ နာမည်ကျော် ဒရာမာတွေ ဖြစ်တဲ့ Splash Splash Love”  “Hit the Top” နဲ့ “Korean Odyssey” ဇာတ်လမ်းတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

Source: kpopmap