၂၀၁၈ ခုနှစ်ကို ဖြတ်သန်းလာခဲ့တာ နှစ်လယ်ဖြစ်တဲ့ ဇွန်လကိုတောင် ရောက်ရှိနေပြီနော်။ ဇွန်လကတော့ ထူးခြားတဲ့ လတစ်လလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇွန်လဟာ ကေပေါ့လောကရဲ့ အချောဆုံးလို့ ဆိုရလောက်တဲ့ အလှပဂေး အိုင်ဒေါမလေးတွေ မွေးဖွားတဲ့ လတစ်လ ဖြစ်ပါတယ်။ ဇွန်လမှာ မွေးဖွားတဲ့ အချောအလှလေးတွေက ဘယ်သူတွေလည်းဆိုတာ ကြည့်လိုက်ပါဦးနော်။

GFriend အဖွဲ့ဝင် SinB

ကေပေါ့လောကမှာ အောင်မြင်နေတဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ GFriend ရဲ့ အဖွဲ့ဝင် SinB ကတော့ သူမရဲ့ အကစွမ်းရည်နဲ့ သီချင်းဆိုစွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဇွန်လ (၃)ရက်နေ့မှာ မွေးနေ့ကျရောက်တာဖြစ်ပါတယ်။

မင်းသမီး Ahn SoHee

Wonder Girls အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ SoHee ကိုတော့ ကေပေါ့ပရိသတ်တွေ တော်တောများများသိကြမှာပါ။ ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ မျက်နာလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ (၂၇)ရက်နေ့ဖြစ်ပါတယ်။

Hyuna

ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ Hyuna ကတော့ သူမရဲ့ အကြမ်းစား ဖော်ျ်ဖြေမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ သူမရဲ့ မွေးနေ့ကတော့  ဇွန်လ (၆)ရက်နေ့ဖြစ်ပါတယ်။

Twice အဖွဲ့ဝင် Tzuyu

TWICE အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်တဲ့ Tzuyu ကတော့ သူမရဲ့ အလှကြောင့် နာမည်ကျော် အနုပညာ ကုမ္ပဏီပေါင်းများစွာရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရသူလေးပါ။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ (၁၄)ရက်နေ့ဖြစ်ပါတယ်။

မင်းသမီး Yoo InNa

ကေဒရာမာ ပရိသတ်တွေကတော့ နာမည်ကျော် ဒရာမာတွေဖြစ်တဲ့ “Queen InHyun’s Man” နဲ့ “Goblin” တို့မှာ ပါဝင် သရုပ်ဆာင်ခဲ့တဲ့ Yoo InNa ကို သိကြမှာပါ။ အသက်အရွယ်နဲ့မမျှ နုပျိုတဲ့ အလှကို ပိုင်ဆိုင်ထားသူဖြစ်လို့ ပရိသတ်တွေ အားကျရတဲ့ အလှပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ (၅)ရက်နေ့ဖြစ်ပါတယ်။

Source: Kpopmap