1. Nicha Nattanicha

သူကတော့ ၁၉၉၆ခုနှစ် ဧပြီလ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ ၂၀၁၃ ခုနှစ်မှာ ဇာတ်ကားတွေကို စတင်ရိုက်ကူးခဲ့တြာ့ဖစ်ပါတယ်။မော်ဒယ် တစ်ယောက်လည်းဖြစ်ပါတယ်။ ကြော်ငြာတွေ၊ တီဗွီ ဒရာမာတွေများစွာမှာ ပါဝင်နေတဲ့ အောင်မြင်လာတဲ့ မင်းသမီး တစ်ဦးဖြစ်ပါတယ်။

2. Bow Maylada

သူကတော့  Kiss Me Five ဆိုတဲ့ မိန်းကလေး အဆိုတော် အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဒီ အဖွဲ့ဟာ ၂၀၁၃ခုနှစ်မှာ  ဖျက်သိမ်းခဲ့ပြီးနောက်  Bow ဟာ၂၀၁၃ခုနှစ်မှာကျင်းပတဲ့ Thai Supermodel ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ Norah ၊Ya Kanlaya၊ Khat Cheuak စတဲ့ ထိုင်းဒရာမာတွေမှာပါဝင်ပြီး အောင်မြင်တဲ့ မင်းသမီးတစ်ဦးဖြစ်နေပါပြီ။

3. Mookda Narinrak

၂၀၁၁ ခုနှစ်မှာကျင်းပတဲ့ Miss Teen Thailand မှာဆုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူပါဝင်တဲ့ Mussaya ဒရာမာဟာ ကြည့်ရှုသူနှုန်းအရမ်းမြင့်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

4. Aokbab Chutimon

သူကတော့ Bad Genius ရုပ်ရှင်ကားနဲ့ အောင်မြင်လာတဲ့ အသက် ၂၁ နှစ်အရွယ် သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ အဒီရုပ်ရှင်ကားကြောင့် ထိုင်းမှာသာမက တရုတ်မှာပါ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။

Source: Thai Star News

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။