နိုဝင်ဘာ ၂၈ မှာတော့ ထိုင်းမင်းသမီးချော Koy Rachwin တစ်ယောက် ချစ်သူ အဆိုတော် Toon Artiwara နဲ့ လက်ထပ်ပွဲကို Atheneee Hotel မှာကျင်းပခဲ့ကြောင်း Thaiupdate မှာဖော်ပြထားပါတယ်။
View this post on Instagram
မင်းသမီး Koy Rachwin ကတော့ အသက် ၃၆ နှစ်ပါ။ မင်းသမီး DJ တစ်ယောက်ပါ။ ရုပ်ရှင်ကားပေါင်းများစွာပါဝင်ခဲ့ပြီး Best actress ဆုပါစွတ်ခူးခဲ့သူပါ။ ချစ်သူ Toon Artiwara ကတော့ အသက် ၄၁ နှစ်အရွယ် နာမည်ကြီး Rock အဆိုတော်ပါ။မင်္ဂလာပွဲမှာတော့ မင်းသမီး Koy Tachwin ကတော့ အဖြူရောင် သတို့သမီးဝတ်စုံလေးနဲ့အရမ်းကို ကျက်သရေရှိလှပနေပါတယ်။ သတို့သားကလည်း ၀တ်စုံပြည့်ဝတ်ဆင်ထားပြီး နှစ်ဦးသားအရမ်းလိုက်ဖက်နေပါတယ်။
မနက်ခင်းပိုင်းမှာတော့ Koy Tachwin နဲ့ Toon Atiwara တို့က ရိုးရာမင်္ဂလာအခမ်းအနားကိုကျင်းပပြီး လက်စွပ်လဲခဲ့ကြတာပါ။ ညနေမှာတော့ မီဒီယာတွေကိုပါဖိတ်ပြီး ညစာစားပွဲထပ်ကျင်းပခဲ့ပါတယ်။ Toon နဲ့ Koy တို့ကတော့ ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်ပြီးနောက်မှာ လက်ထပ်ခဲ့ကြတာပါ။
View this post on Instagram
View this post on Instagram
ဒီပွဲကိုတော့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေပါ တက်ရောက်ခဲ့ပါတယ်။ Congratulations ပါ Toon နဲ့ Koy ရေ ….
View this post on Instagram
View this post on Instagram
View this post on Instagram
#CELENOW