“တိမ်​တိုက်​တံတား” ရုပ်ရှင်​​အထူးပွဲကိုတော့ ဇူလိုင်လ(၈)ရက်နေ့ ညနေ (၆)နာရီခွဲက  ရန်ကုန်မြို့က JCGV Junction City မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ မီဒီယာတွေ၊ အနုပညာအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တွေနဲ့ တခြား ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အများကြီး တက်ရောက်ခဲ့ပါတယ်။

“တိမ်တိုက်တံတား” မှာတော့ နေတိုး၊ ထွန်းထွန်း၊ ဗီယက်နမ်မင်းသမီးလေး ငုယင်ထရန်ဟုရန်မေ၊ ခင်ဝင့်ဝါ၊ ..အစရှိတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ကားကြီး ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြသတော့မှာပါ။ ဒီကားကိုတော့  ဒါရိုက်တာ-သြရသ က ဖန်တီးထားတာဖြစ်ပြီး ဇာတ်လမ်း/ဇာတ်ညွှန်းကတော့ မိုးနီလွင်ပါ။

from နေတိုး၊တိမ်တိုက်တံတား