ချစ်စရာကောင်းတဲ့ မျက်နာဝိုင်းဝိုင်းလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် သွန်းဆက်ကတော့ လတ်လလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကား တစ်ကားမှာလည်း လူရိုင်းမလေးအဖြစ်ပါဝင် သရုပ်ဆောင်လျက်ရှိပါတယ်။

မင်းသမီးချောလေး သွန်းဆက်ကတော့ ဘဝမှာ အခက်အခဲတွေ၊ ဝမ်းနည်းစရာတွေ ကြုံလာရလည်း ရှေ့ဆက်ဖို့ အားတင်းကာ ပြုံးထားတယ်လို့ သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားပါတယ်။ တကယ်တော့ အခက်အခဲဆိုတာ ဘဝမှာ အကြိမ်ပေါင်းများစွာ ကြုံလာရမယ့်အရာတွေပါ။ တစ်ခုတည်းသော အခက်အခဲကြောင့် ကျရှုံးသွားလို့ မဖြစ်ပါဘူး။

သွန်းဆက်ကလည်း သူမမှာ ကြုံလာရတဲ့ အခက်အခဲတွေကို ပြုံးပြုံးလေးနဲ့ ကျော်လွှားဖြတ်သန်းမယ်လို့ ဆိုလိုချင်ပုံရပါတယ်။ အခက်အခဲဆိုတာ ဒီအတိုင်း ကျရှုံးသွားတယ်လို့ ခံယူလိုက်ရုံနဲ့ ပြေလည်သွားတဲ့အရာမဟုတ်တော့ အောင်မြင်စွာ ကျော်ဖြတ်ဖို့အတွက် အားအင်တွေ ကြိုစားမှုတွေလိုအပ်တာတော့ အမှန်ပါဘဲ။

Source: Thun Sett