ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားသူတစ်ယောက်ဖြစ်တဲ့ သုသုကတော့ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်သာမက ဖေ့စ်ဘုတ်ပေါ်မှာလည်း ဆယ်လီတစ်ယောက်အဖြစ်နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ လိင်တူ ချစ်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ချစ်ရသူနဲ့အတူ လက်တွဲပြီး ပျော်ရွှင်စရာကောင်းတဲ့ ကြည်နူးစရာအချစ်ရေးကို တည်ဆောက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး အခုလိုပဲ ဖွင့်ဟလာတာဖြစ်ပါတယ်။ သုသုကတော့ နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်လို့ ချစ်သူကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားဖြစ်ပါတယ်။

သုသုကတော့ ကြော်ငြာတွေ၊ ဖိုတိုရှုတင်တွေကိုမနားတမ်းရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဟာသဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားပြီး လူကြိုက်များပါတယ်။ သုသုကို ချစ်တဲ့ ပရိသတ်တွေအတွက် သုသုရဲ့ ဓါတ်ပုံလေးတွေလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Thu Thu