ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာသူ မင်းသားတစ်ယောက်ဖြစ်တဲ့ သူရိယကတော့ မေလ (၆)ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ သူရဲ့ ချစ်သူနဲ့အတူ အလှူအတန်းတွေပြုလုပ်ပြီး ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။

မွေးနေ့မှာ ချစ်သူနှစ်ယောက်အတူ အတွဲညီညီနဲ့ ဘုရားတက် ကုသိုလ်ယူခဲ့တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားမှာ အတော်လေး ပျံ့နှံ့နေပြီး ပရိသတ်တွေကလည်း သူတို့နှစ်ဦးကို အတော်လေး ကြည်နူး အားကျနေကြတာပါ။ စိတ်တူ၊ကိုယ်တူ စုံတွဲလေးတစ်တွဲဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ အတွဲလေးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲလည်း ဖြစ်ပါတယ်။

မွေးနေ့ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခဲ့တဲ့ သူရိယရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Source: Thu riya