သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကျော်တဲ့အပြင် ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ မင်းသမီးလေး သွန်းဆက်ကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက် ဆောင်ရွက်နေရတာဖြစ်ပါတယ်။ နေ့စဉ်ဘဝပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးတတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့ သွန်းဆက်က ဒီကနေ့မှာလည်း သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။

 

ကိုရီးယားမလေးတစ်ယောက်အလား အထင်မှားရတဲ့ သွန်းဆက်ရဲ့ ဓါတ်ပုံလေးတွေကတော့ တကယ့်ကို ကြည့်မဝအောင် ချစ်စရာကောင်းလွန်းနေပါတယ်။ သွန်းဆက်က “မနက်ခင်းလေးမှာနိုးလာခဲ့ … အရင်ဆုံးမင်းကိုလွမ်းပါတယ်” လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

သွန်းဆက်ရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ သွန်းဆက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Thun Sett