အနုပညာအလုပ်တွေကို ကိုကြိုးစားဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သွန်းဆက်ကတော့ ချစ်စရာကောင်းကောင်းတဲ့ အပြင် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာ ကြော်ငြာရိုက်ကူးဖို့အတွက် ဘန်ကောက်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမကတော့ မေလ ၁၁ရက်နေ့ကတည်းက ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး ဘန်ကောက်မြိုကို ရောက်ရှိနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

ကြော်ငြာရိုက်ကွင်းမှာ ကိုရီးယား ရိုးရာဝတ်စုံလေးနဲ့ လှနေတဲ့ သွန်းဆက်ကတော့ အရမ်းကို ချစ်စရာကောင်းလွန်းပြီး ကိုရီးယားမလေးအလား အထင်မှားစရာပါပဲ။ ချစ်စရာကောင်းလွန်းတဲ့ သွန်းဆက်ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Thun Sett