မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်သာမက နာမည်ကျော် ဆယ်လီတစ်ဦးအနေနဲ့လည်း ပရိသတ်တွေရဲ့ အချစ်တွေ၊အားပေးမှုတွေကို ရရှိနေသူတစ်ဦးဖြစ်တဲ့ သုသုကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေ၊ ရယ်မောစရာလေးတွေလည်း တင်တတ်တဲ့ သူတစ်ယောက်ပါ။

ဒီကနေ့မှာတော့ သုသုက သူမရဲ့ ရင်ထဲက စကားလုံးတွေကို ပရိသတ်တွေကို ဖွင့်ပြောလိုက်ပါပြီ။ သုသုက ပန်းတောက်ပန်းတွေ ကိုင်ထားတဲ့ သူမရဲ့ ဓါတ်ပုံလေးကိုတင်ပြီး “ပိတောက်က သစ္စာမရှိတော့ပေမဲ့ အခြောက်ကတော့ သစ္စာရှိနေပါတယ်” ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

သုသုကတော့ သူမရဲ့ ချစ်သူနဲ့ အဆင်မပြေမှုလေးတွေ တခါတရံရှိပေမဲ့လည်း ပျော်ရွှင်တဲ့ ဘဝလေးကို ရရှိဖို့အတွက် ချစ်သူနဲ့အတူ ကြိုးစားနေတဲ့ သူလေးဖြစ်ပါတယ်။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးတတ်သူတစ်ဦးဖြစ်လို့ ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုသုက သူဘယ်လောက် သစ္စာရှိကြောင်း တင်လိုက်တာပဲဖြစ်ပါတယ်။

Source: Nyi Nyi Maung