ပရိသတ်တွေတိုင်းချစ်ကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ အမြဲအတွဲညီညီနဲ့ တတွဲတွဲတွေ့ရတတ်တဲ့ သူလေးတွေဖြစ်ပြီး ပရိသတ်တွေအားကျရတဲ့ အနုပညာစုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ ဧပြီလ(၂၃)ရက်နေ့တည်းက ထိုင်းနိုင်ငံကို ခရီးထွက်သွားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ခရီးစထွက်တဲ့ နေ့ကတည်းက သူတို့နှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှာလည်း သူတို့ချစ်သူနှစ်ဦး ဖူးခက်ကမ်းခြေကို အလည်သွားခဲ့ပြီး ပျော်ပျော်ပါးပါးလည်ပတ်ခဲ့ကြတဲ့ ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။

သူရိယနဲ့ ဆုအိမ့်စံကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သူတို့ရဲ့ ကြည်နူးအားကျစရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thu Riya