Han Seohee ကတော့ ဆေးမှုမှာ တခြား YG အနုပညာရှင်တွေ အများကြီးလည်း ပါဝင် ပတ် သက် နေသေးတ ယ်လို့ သူမရဲ့ ရှေ့နေက တစ်ဆင့် ဖော်ကောင်လုပ်လိုက်ပါတယ်။ဒီ အကြောင်း ကိုတော့ Kstarlive မှာ ဖော်ပြထား တာပါ။Han Seo Hee  ကတော့ YG Entertainment ရဲ့ Trainee ဟောင်းတစ်ယောက်ပါ။သူမကိုတော့ ကိုရီး ယား Fan တော်တော်များများက သိပြီး ဖြစ်မှာပါ။၂၀၁၇ ခုနှစ်တုန်းက BIGBANG အဖွဲ့ဝင် T.O.P နဲ့ အတူ မူးယ စ်ဆေးသုံးစွဲခဲ့တဲ့ အမှုမှာ ပါဝင်ပတ်သက်ခဲ့သူပါ။သူမကိုယ်တိုင်လည်း (၄)နှစ်ခံဝန်ချုပ်ကျနေတဲ့ သူပါ။

Image – koreaboo.com
Image – koreaboo.com

T.O.P ဆေးကိစ္စမှာပါဝင်ပတ်သက်နေသလို K Pop Fan တွေကြားမှာရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တဲ့ iKON အဖွဲ့ဝင် B.I ရဲ့ ဆေးကိစ္စမှာလည်း သူမက ပါဝင်ပတ်သက်နေပါတယ်။Han Seo Heeက iKON အဆောင်ရှေ့မှာ B.I အတွက် LSD (Lysergic acid diethylamide) ကို ၂၀၁၆ မေလ၃ရက်နေ့က ပေးခဲ့တာပါ။အခုတစ်ခါမှာတော့ သူမရဲ့ ရှေ့နေက တစ်ဆင့် တခြားဆေးသုံးတဲ့ YG artists တွေ အများကြီးရှိသေးတယ်လို့ ထုတ်ပြော လိုက် ပြန်ပါတယ်။ဇွန်လ (၁၄)ရက်နေ့က ရှေ့နေ Bang Junghyu က CBS Radio’s ‘Kim Hyunjung’s News Show မှာ Han Seohee ရဲ့ ကိုယ်စားပြောခဲ့တာပါ။

Image – koreaboo.com
Image – koreaboo.com

အဲ့ဒီ Radio Show မှာတော့ ရှေ့နေက “Ms. Han ရဲ့ ပြောစကားအရဆိုရင် ဒီကိစ္စမှာ တခြား YG က အနုပညာ ရှင် တွေ အများကြီးလည်း ပါဝင်ပတ်သက်နေတယ်။သံသယရှိသူတစ်ချို့ကို ကုမ္ပဏီဘက်ကနေ အခါအားလျော် စွာ စောင့်ရှောက်ကာကွယ်ပေးထားတယ်လို့ ပြောပါတယ်။ဘယ်သူတွေလဲဆိုတာကိုတော့ လောလောဆယ် ထုတ် မပြော နိုင်သေးပေမယ့် Boy Group တစ်ဖွဲ့မှာ တစ်ယောက်လောက်ကတော့ ဆေးသုံးကြတယ်..” လို့ ရှေ့ နေက ပြောပါတယ်။ ဆက်ပြီးတော့လည်း “သူအနေနဲ့ YG နဲ့ Ms.Han ရဲ့ ကြားခံလူအဖြစ် ဆက်ပြီး ဆောင်ရွက် သွားမယ် လို့ ပြောခဲ့ပါတယ်။YG Entertainment ကတော့ B.I  ကို သူတို့ရဲ့ official website ကနေ ဖယ်ရှား ပစ်လိုက် ပါပြီ။iKON  အတွက် သုံးထားတဲ့ ဓါတ်ပုံတွေ မှာတောင်မှ အဖွဲ့ဝင် (၆)ယောက် Junhoe, Bobby, Chanwoo, Jinhwan, Yunhyeong,  Donghyuk တို့ပဲကျန်ရှိပြီး B.I ကို Edit လုပ် ထုတ်ပစ်လိုက်ပါပြီ။

Image – koreaboo.com

#CELENOW