Holland လို့ခေါ်တဲ့ အဆိုတော်ကောင်လေးကိုတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေက အရမ်းကို သဘောကျနေကြပါတယ်။ သူကတော့ (၂၀၁၈)ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ “Neverland” ဆိုတဲ့ သီချင်းနဲ့ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့သူဖြစ်ပြီး၊ အားပေးမှုလည်း များစွာရခဲ့သူပါ။

ဒါ့အပြင် Holland ဟာ သူကိုယ်သူ Gay တစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ပရိသတ်တွေကို တရားဝင် ဖွင့်ပြောခဲ့တဲ့ ပထမဆုံးသော Idol တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူတွေအများကြီးဆီက စိတ်ဝင်စားမှုတွေကို ရရှိနေတဲ့ တက်သစ်စ အဆိုတော်တစ်ယောက်ဆိုရင် မမှားပါဘူး။

Holland ရဲ့ “Neverland”သီချင်းကတော့ Gay ဖြစ်လို့ လူတွေကြားထဲမှာ ခွဲခြားဆက်ဆံခံနေရတဲ့ ကောင်လေးတစ်ယောက်က သူတကယ်ချစ်ရတဲ့ သူတစ်ယောက်ကို တွေဝေခြင်းမရှိပဲ၊ ချစ်ခွင့်ရတဲ့ နေရာတစ်ခုမှာ လွတ်မြောက်ချင်တယ်ဆိုတဲ့ အကြောင်းကို ရေးထားတာ ဖြစ်ပါတယ်။

Source: KStarlive