ဟောင်ကောင်က သတင်းသမားတစ်ဦးဖြစ်တဲ့ Lok Lai ကတော့ Song Song စုံတွဲကို အင်တာဗျူးလုပ်ခဲ့တဲ့ အကြောင်းကို သူရဲ့ အင်စတာဂရမ်မှာ တင်ပြီးပြောပြခဲ့ပါတယ်။ Lok Lai ကတော့ ဒီအင်တာဗျူးကို (၂၀၁၆)တုန်းက ဟောင်ကောင်မှာ ‘Descendants of the Sun’ ပရိုမိုးရှင်းပွဲပြုလုပ်တဲ့ အချိန်တုန်းက Song Song စုံတွဲနဲ့ တွေ့စုံပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံထဲမှာတော့ သူတို့သုံးယောက်က အရမ်းကို ရင်းရင်းနှီးနှီးနဲ့ ဓါတ်ပုံရိုက်ထားကြတာ ဖြစ်ပါတယ်။ Lok Lai အတွက်တော့ မေ့မရနိုင်တဲ့ အင်တာဗျူးတစ်ခုဖြစ်တယ်လို့ သူက သူရဲ့အင်စတာဂရမ်မှာ ရေးထားတာဖြစ်ပါတယ်။ အင်တာဗျူးလုပ်တဲ့ အချိန်မှာ Song Jong Ki ဟာ အရမ်းကို ဟာသဥာဏ်ရွှင်ရွှင်နဲ့ ဖြေတတ်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့လည်း Lok Lai က ရေးထားပါတယ်။

ဒါ့အပြင် Song Jong Ki ဟာ သူအသားအရေကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတာ ပြောပြရင်းနဲ့ စစ်သားအဖြစ်သရုပ်ဆောင်ခဲ့တာကို သတိရပြီး အားရပါးရရယ်ခဲ့ပါသေးတယ်လို့လည်း ဆိုပါတယ်။ Song Song စုံတွဲဟာ အရမ်းကို ရိုးသားတဲ့ သူတွေဖြစ်တယ်လို့လည်း Lok Lai က ပြောပြခဲ့ပါတယ်။

Source : Lok Lai