အမေရိကန်အိုင်ဒေါရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုရီးယားလူမျိုး အဆိုတော် Han Heejun ရဲ့ ပြောင်းလဲမှုကတော့ အားလုံးကို ဟာခနဲ ဖြစ်သွားစေမှာပါ။

သူကတော့ (၂၀၁၂)ခုနှစ်မှာ ပြုလုပ်တဲ့ အမေရိကန်အိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုရီးယားလူမျိုးအဖြစ် လူသိများခဲ့ပါတယ်။ သူကတော့ လတ်လလောမှာ ‘Deep Inside’ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အရင်ကနဲ့မတူ အရမ်းကို ပြောင်းလဲသွားခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Han Heejun ဟာ အမေရိကန်အိုင်ဒေါပြိုင်ပွဲပြီးနောက် ကြိုးစားဝိတ်ချခဲ့ပြီး (၆၄)ပေါင်ကျသွားခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

“အရင် အယ်လ်ဘမ်တုန်းကထက်စာရင် ပေါင်(၂၀)လောက် ကျသွားခဲ့ပါတယ်။”လို့ပြောပြခဲ့ပါတယ်။ ဝိတ်အများကြီး ချတာဟာ ကျန်းမာရေးကို မထိခိုက်နိုင်ဘူလားလို့ Han Heejun ကို မေးတဲ့ အခါမှာတော့ “ကျွန်တော် ဝိတ်ချတာ ငါးနှစ်ကြာခဲ့ပါတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းတွေနဲ့ ဝိတ်ချခဲ့တာပါ။ သကြား၊ ဂျုံ၊ ဆားနဲ့ထမင်းတွေကို မစားတော့ပဲ အသီးအရွက်နဲ့ အသားတွေကို ပြောင်းစားဖြစ်ပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ဝိတ်ချပြီးနောက် Han Heejunရဲ့ ပြောင်းလဲမှုကတော့ တကယ့်ကို အံမခန်းပဲနော်။

Source: Kstarlive