JYP Entertainmentရဲ့ Traniee တစ်ယောက်ဖြစ်တဲ့ Hwang Hyun Jin ကတော့ ဆိုလ်းမြို့က အချောအလှတွေ ပေါတဲ့ နာမည်ကြီး အနုပညာကျောင်းတစ်ကျောင်းဖြစ်တဲ့ SOPAကျောင်း ရဲ့ ကိုယ်စားပြု Prince အဖြစ် နာမည်ကြီးတဲ့ သားလေးတစ်ယောက်ဖြစ်ပါတယ်။ ကျောင်းမှာတော့ သူဟာ သူရဲ့ ရုပ်ရည်ကြောင့်သာမက ချစ်စရာကောင်းတဲ့ အကျင့်လေးတွေ အပြုအမူလေးတွေကြောင့် မင်းသားလေးဆိုပြီး နာမည်ကြီးတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကိုတော့ SOPAကျောင်းဝတ်စုံလေးဝတ်ပြီးလည်း မကြာခဏတွေ့ရတတ်ပါတယ်။ Hwang Hyun Jinရဲ့ သူငယ်ချင်းတွေကတော့ မကြာခင်မှာ အဆိုတော်အဖြစ်ပွဲဦးထွက်တော့မယ့် Hwang Hyun Jinဟာ ကျောင်းရဲ့ ကိုယ်စားပြုမင်းသားလေးဖြစ်ကြောင်းကို ထုတ်ဖေါ်ခဲ့တာဖြစ်ပါတယ်။

အသက် (၁၈)နှစ်ရှိပြီဖြစ်တဲ့ Hwang Hyun Jin မင်းသားလေးလို့နာမည်ကြီးရတဲ့ အကြောင်းကတော့ သူရဲ့ ရုပ်ရည်ကြောင့်ပဲမဟုတ်ပဲ အနုပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်ဝလွန်းလို့ဖြစ်ပါတယ်။

သူကတော့ မတ်လ (၂၆) ရက်နေ့မှု ပွဲဦးထွက်မယ့် Stray Kids အဖွဲ့မှာ ပါဝင်မှာ ဖြစ်ပြီး ပရိသတ်တွေကတော့ သူကို စင်ပေါ်မှာ တွေ့ရမယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်။

Source: Koreaboo