ဒီသရုပ်ဆောင်ခန်းကတော့ သင်ကြည့်ဖူးသမျှ ကိုရီးယား ဒရာမာ ဇာတ်ကားတွေထဲမှာ အဆိုးဆုံးဇာတ်ဝင်ခန်းတစ်ခုဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ဝင်ခန်းကတော့ Song Yun Ah နဲ့ Lee Bum Sooတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ On Air ဆိုတဲ့ ဒရာမာထဲမှာ ပါဝင်တာဖြစ်ပါတယ်။

ပထမဆုံးကြည့်လိုက်တဲ့ အချိန်မှာတော့ သတိထားမိဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ သေချာပြန်ကြည့်တဲ့အခါမှာတော့ အနောက်ဘက်မှာ သရုပ်ဆောင်နေတဲ့ ယောကျာ်းဟာ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အပီအပြင်ပြသနေတာပါ။ပရိသတ်တွေကတော့ အဲဒီလူကို ဟောလိဝုဒ်မှာ အော်စကာဆု ပေးသင့်တယ်ဆိုပြီးတောင် အပြောင်အပျက်ပြောနေကြပါတယ်။

ဒီလူကတော့ တကယ့်ကို အားကြိုးမာန်တက်နဲ့ လွှဖျက်တဲ့ ပုံသရုပ်ဆောင်နေခဲ့တာပါ။

Source: Koreaboo