Shin Bora လို့ ခေါ်တဲ့ ဟာသသရုပ်ဆောင်မလေးကတော့ Song Joongki ရဲ့ အနမ်းခံရပြီးနောက်မှာ သူမကို ဆန့်ကျင်တဲ့ ပရိသတ်တွေ အများကြီးပေါ်လာခဲ့တဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

ဖေဖေါ်ဝါရီ (၆)ရက်နေ့မှာတော့ Shin Bora ဟာ KBS 2TV ရဲ့ ‘1 vs 100’ဆိုတဲ့ အစီအစဉ်ကို ရောက်လာခဲ့ပြီး အရင်က Song Joongki ဆီကနေ အနမ်းခံခဲ့ရတဲ့ကိစ္စတစ်ခုကို ပြောပြခဲ့ပါတယ်။ “Song Joongki ကကျွန်မရဲ့ ပါးကိုပဲနမ်းခဲ့တာပါ။ ဒါပေမဲ့ ကိစ္စတွေကတော့ တော်တော်ကြီးသွားခဲ့တယ်”လို့ သူမက ပြောပြခဲ့ပါတယ်။ အဲဒီကိစ္စပြီးနောက်မှာတော့ သူမကို ဆန့်ကျင်တဲ့ ပရိသတ်တွေ အုပ်စုလိုက်ပေါ်ပေါက်လာခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။

ဒါပေမယ့်လည်း Shin Bora ကတော့ ” Song Joongki လို လူမျိုးဆီကနေ အနမ်းခံခဲ့ရမှတော့ ဒီလောက်တော့ နားလည်ပေးနိုင်ရမှာပေါ့”လို့ ပြန်ပြောခဲ့ပါတယ်။ ဒီအဖြစ်ကတော့ (၂၀၁၁)ခုနှစ်လောက်က Song Joongki ဟာသအစီအစဉ်တစ်ခုမှာ ဝင်သရုပ်ဆောင်ခဲ့တုန်းက ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုလေးလဲ ထည့်ပေးထားလို့ ကြည့်လိုက်ကြပါဦးနော်။

Source: Kstarlive