မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးကို သွားခဲ့ပါတယ်။ မန္တလေးရောက် ပုံလေးေ တွကိုလည်း သူမရဲ့ fb မှာ ဝေမျှထားပါတယ်။ မန္တလေးက ဦးပိန်တံတားကိုလည်း အလည်သွားခဲ့သလို မဟာမြတ်မုနိ ဘုရားကိုလည်း သွားရောက် ဖူးမြော်ခဲ့တာကို တွေ့ရပါတယ်။

မန္တလေးကို ရောက်ခဲ့တုန်းက ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေကိုတော့ သင်ဇာက ဇွန်လ (၁၄) ရက်နေ့က သူမရဲ့ fb မှာ ဝေမျှထားပါတယ်။

သင်ဇာကတော့ ဒီရက်ပိုင်းမှာ ပွဲတွေ တက်ရောက်ပေးဖြစ်နေတာကိုတွေ့ရပါတယ်။ မန္တလေးမြို့က Gym ဖွင့်ပွဲကို မင်း သားနိုင်းနိုင်းနဲ့ အတူ တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ကျောက်ကပ်ရောဂါ ဝေဒနာကို အပြင်းအထန် ခံစားေ နရသူ သရုပ်ဆောင် ဦးမန်းဝင်းကိုလည်း သင်ဇာက အိမ်တိုင်ရာရောက် သွားရောက် ပြီး ငွေကြေး ကူညီလှူဒါန်းပေးခဲ့တာကို လည်းတွေ့ရပါတယ်။

from သင်ဇာဝင့်ကျော်