ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ကားတွေလည်းရိုက်ကူးနေပြီး ပွဲတွေလည်း ဆက်တိုက်တက်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။


သင်ဇာကတော့ မကြာသေးခင်က သူမရဲ့ ချစ်သူကို ပရိသတ်တွေကို တရားဝင်ကြေငြာခဲ့ပြီး ချစ်သူနဲ့အတူ ဓါတ်ပုံတွေကိုလည်း ဖေစ်ဘုတ်ပေါ်မှာ မျှဝေပေးလေ့ရှိပါတယ်။


သူမကတော့ လတ်တလောမှာလည်း သူမရဲ့ ချစ်သူနဲ့အတူ ဖူးခတ်ကမ်းခြေကိုရောက်ရှိနေတာဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်ကတော့ “Selfie with CoCo” လို့ရေးထားပြီး ဓါတ်ပုံတွေကိုတင်ပေးထားတာဖြစ်ပါတယ်။ ချစ်သူနဲ့အတူ ပျော်ရွှင်ကြည်နူးနေတဲ့ သင်ဇာရဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။


Source: Thinzar Wint Kyaw