သူမတူတဲ့ ဖက်ရှင်၊ စတိုင်တွေနဲ့ အမြဲဆန်းသစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီအချိုးအစားကြောင့် မိန်းကလေးပရိသတ်တွေရော ယောကျာ်းလေး ပရိသတ်တွေကပါ အားကျသဘောကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ဘော်ဒီကောက်ကြောင်း အလှပုံရိပ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်ကတော့ ဝေဖန်မှုတွေကိုလည်း မကြာခဏဆိုသလို ခံရလေ့ရှိပေမယ့် ကွန်းမန့်တိုင်းကို ပြန်ပြီး တုံ့ပြန်တတ်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။

သင်ဇာဝင့်ကျော်ကတော့ ဒီကနေ့မှာ သူမရဲ့ ဂုဏ်သိက္ခာကို ထိပါးပြောဆိုလာတဲ့ ကွန်းမန့်ရေးသားသူကို ပြန်လည်ပြီးတော့ တုံ့ပြန်ရေးသားလိုက်ပြီဖြစ်ပါတယ်။ တိုက်ခိုက်ပြောဆိုရေးသားတဲ့ သူကတော့ သင်ဇာဝင့်ကျော်ရဲ့ အင်စတာဂရမ်မှာ တိုက်ခိုက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ “ညီမရေ ညီမရဲ့ ရိုင်းစိုင်းတဲ့ ကွန်းမန့်တွေကို Screenshot ထားပြီးပြီ မဟုတ်မမှန်လုပ်ကြံပြောဆိုမှုအတွက် ဟုတ်ခဲ့ရင် သက်သေကို Public ကို ချပြပါ။မဟုတ်ခဲ့ရင် ညီမ အစ်မကိုတော့ ကောင်းကောင်းပြန်တောင်းပန်ရလိမ့်မယ် ကိုယ့်ဟာကိုယ် ဆရာဝန်လို့ပြောထားတယ်နော် ဒီအချိန်မှာ ပြဿနာကို ညီမ ဘယ်လိုဖြေရှင်းမလဲ အစ်မကြည့်မယ်ကွယ်”လို့ရေးပြီးတော့ ပြန်လည် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ပရိသတ်တစ်ယောက်ကလည်း ဒီအကြောင်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ တင်ပေးထားပါသေးတယ်။ သင်ဇာဝင့်ကျော်ရဲ့ ပရိသတ်တွေကတော့ ဒီလို မဟုတ်မမှန် ရေးသားတာတွေကို အရေးယူဖို့အတွက် ပြောနေကြပါပြီ။ ပရိသတ်တွေရဲ့ အထင်ကိုလည်း ပြောခဲ့ပါဦးနော်။

SOurce: Thinzar Wint Kyaw, Saw