သူမတူတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့ သင်ဇာကတော့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကို တခဲနက်ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်ဖြစ်ရုံသာမက မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားသူလေး သင်ဇာကတော့ လူတိုင်းအားကျရတဲ့ အမိုက်စား ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

အမိုက်စားဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ဖို့အတွက် အမြဲအားကစားတွေလုပ်တဲ့ သင်ဇာကတော့ သူမရဲ့ အားကစားလုပ်တဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ ကြိုးကြိုးစားစားနဲ့ အားကစားလုပ်နေတဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေတိုင်း အကြည့်မလွှဲနိုင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းလို့ သင်ဇာရဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

လတ်တလောမှာ ရုံတင်ပြသနေတဲ့ “မုန်းလို့ရရင် မုန်းချင်တယ်”ရုပ်ရှင်ကားကြီးမှာလည်း သင်ဇာဝင့်ကျော်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ပရိသတ်တွေလည်း သင်ဇာကို သွားရောက်အားပေးလိုက်ကြပါဦးနော်။

Source: Thinzar Wint Kyaw