မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ သင်ဇာနွယ်ဝင်းကတော့ သူမရဲ့ ချစ်ရတဲ့ သူနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီိးနောက်မှာ အနုပညာအလုပ်တွေမှာ မတွေ့ရတော့ပေမဲ့ သူမကတော့ လတ်တလောမှာ မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ပေးဖြစ်ခဲ့တဲ့ အကြောင်းလေးကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

တစ်သားမွေး တစ်သွေးလှလာသူ တစ်ယောက်ဖြစ်တဲ့ သင်ဇာနွယ်ဝင်းကတော့ ကလေးမေမေလို့ မထင်ရလောက်အောင်ကို နုပျိုလွန်းပြီး လှနေလို့ ပရိသတ်တွေကတော့ သင်ဇာနွယ်ဝင်းရဲ့ အလှကို ချီးကျူးနေကြပါတယ်။ ပရိသတ်တွေအတွက် သင်ဇာနွယ်ဝင်းရဲ့ မဂ္ဂဇင်းဖိုတိုရှုက ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thinzar Nwe Win