သဉ္ဇာနွယ်ဝင်းကတော့ ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ပွဲလေး ကျင်းပပေးခဲ့ပါတယ်။ မေလ(၁၄)ရက်နေ့ကတော့ သူမရဲ့ ခင်ပွန်း Steven Hla ရဲ့ မွေးနေ့လေးပါ။ အသက်(၃၃)နှစ်ပြည့်မွေးနေ့ပွဲလေး လို့ သိရပါတယ်။ သဉ္ဇာနွယ်ဝင်း ကတော့ ခင်ပွန်းအတွက် မွေးနေ့ပွဲလေး ကျင်းပပေးတဲ့ ပုံလေးတွေကို သူမရဲ့ fb မှာ တင်ထားပါတယ်။

 

“ယောကျာ်းအမြဲတမ်းပျော်ရွှင်ပြီး စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနဲ့ပြည့်စုံပြီး အလုပ်အကိုင်အကြံအစီမှန်သမျှအောင်မြင်ပါစေ သားသားနဲ့မိန်းမကိုလည်းဒီထက်မကပိုချစ်နိုင်ပါစေနော်။ ယောကျာ်းအတွက် အမေများနေ့က မှာထားတဲ့ 🦄Unicorn Cupcakeကိတ်ဆိုင်က ကိတ်ကလေးပဲမှာလိုက်တယ် မိန်းမကြိုက်လို့ မွေးနေ့ပွဲကိုတော့ Hotpot City Ahlone မှာပဲလုပ်ဖြစ်တယ် ည၂နာရီမှဆိုင်ပိတ်တော့ ယောကျားအဆင်ပြေအောင်..” ဆိုပြီး မွေးနေ့ ဆုတောင်းပေးထားပါတယ်။

 

သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းတည်းက အနုပညာအလုပ်တွေကို လုံးဝ ရပ်နားလိုက်တာ အခု ထိပါ။သင်ဉ္ဇာနဲ့ သူမရဲ့ ခင်ပွန်း Steven Hla တို့ဟာ (၂.၂.၂၀၁၇)မှာ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး (၂၀၁၇) ဖေဖော်ဝါရီလ (၃)ရက်နေ့ မှာ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ သားဦး လေး ကိုတော့ (၂၀၁၇) နိုဝင်ဘာမှာ မွေးဖွားခဲ့ပါတယ်။

ရိုက်ပေးတဲ့လူကတော်တယ် ချိန်ထားပေးတဲ့အတိုင်းအသေကိုင်ထားတာ ဘောင်ထဲကလူပဲပါတယ် နဲနဲတောင်အရွှေ့ဘူး😖

Posted by Thinzar Nwewin on Monday, May 14, 2018

from Thinzar Nwewin