ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ မော်ဒယ်မင်းသမီးလေး သင်ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေကို ရပ်နားပြီး မိသားစုတာဝန်တွေကို ထမ်းဆောင်နေတဲ့ မေမေတစ်ေ်ယာက်ဖြစ်နေပါပြီ။

သင်ဇာနွယ်ဝင်းဟာ အနုပညာလောကကနေ ဝေးကွာသွားပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ နေ့စဉ်ဘဝပုံရိပ်တွေကို မျှဝေပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သင်ဇာနွယ်ဝင်းကတော့ သူမတို့ရဲ့ မိသားစုလေးရဲ့ ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးထားပါသေးတယ်။

 

သင်ဇာနွယ်ဝင်းကတော့ “ဖေဖေကအလုပ်လုပ်တယ် သားသားနဲ့မေမေက ဆိုင်မှာလမ်းလျှောက်ရင်း တွေ့တာအကုန်စားတယ်” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ သင်ဇာနွယ်ဝင်းတို့ မိသားစုရဲ့ ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

 

Sourcce: Thinzar Nwe Win