ထိုင်းမင်းသမီးချော Urassaya Sperbund  ကတော့ ပရိသတ်တွေကြားမှာ Yaya ဆိုပြီး နာမည်ကြီးနေသူပါ။ ထိုင်း အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ။ထိုင်းပရိသတ်တွေတင်မဟုတ်ပဲ အာရှတစ်လွှားမှာ ရှိတဲ့ ပရိသ တ် တွေရဲ့ အားပေးမှုကိုပါ အပြည့်အ၀ ရရှိထားသူပါ။ပရိသတ်တွေ မသိလောက်သေးတဲ့ Yaya ရဲ့ အကြောင်း တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁)သူမရဲ့ အသက်

Urassaya Sperbund  ကတော့ (၁၉၉၃)ခုနှစ် မတ်လ(၁၈)ရက်နေ့က Chonburi ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။

(၂)ထိုင်း-နော်ဝေဖွား

ထိုင်းလူမျိုးစစ်မဟုတ်ပါဘူး။ ထိုင်း-နော်ဝေ မျိုးနွယ်စပ် ကပြားမလေးပါ။

(၃)သူမရဲ့ မွေးချင်းမောင်နှမ

Yaya မှာ  Katleeya Sperbund ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။

(၄)အင်္ဂလန်မှာနေခဲ့ဖူး

သူမငယ်ငယ်တုန်းက အင်္ဂလန်မှာ နေလာခဲ့တာပါ။ နောက်ပိုင်းကျမှ ထိုင်းကို ပြောင်းလာခဲ့တာပါ။

(၅)အနုပညာလောကထဲ စ၀င်တုန်းက သူမရဲ့အသက်

အနုပညာလောကထဲကို ကြော်ငြာတွေရိုက်ရင်း စတင်ဝင်ရောက်လာခဲ့တာပါ။ ကြော်ငြာရိုက်တုန်းက ဆိုရင် သူမရဲ့ အသက် (၁၄)နှစ်ပဲရှိပါသေးတယ်။ အသက်(၁၄)နှစ်လောက်တည်းက ဒီလောကထဲကို ၀င်လာခဲ့တာပါ။

(၆)သူမရဲ့ ၀ါသနာ

သူမရဲ့ ၀ါသနာကတော့ ပန်းချီဆွဲရတာ၊ပန်းပုထုရတာကို ကြိုက်ပါတယ်။

(၇)သူမရဲ့ ပထမဆုံး TV ဒရမ်မာ

သူမရဲ့ ပထမဆုံး TV ဒရမ်မာဇာတ်ကားကတော့  PeunSeeLongHon  ပါ။(၂၀၀၈) ခုနှစ်က ထုတ် လွှင့် ပြသခဲ့တာပါ။

(၈)သူမကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကား

Yaya လေးကို နာမည်ကြီးစေခဲ့တဲ့ TV ဒရမ်မာဇာတ်ကားကတော့ KularbRaiNarm (၂၀၁၀)ပါ။

(၉)ဘာသာစကားတွေ အများကြီးပြောနိုင်

ဘာသာစကားတွေ အများကြီးပြောနိုင်ပါတယ်။ ဘာသာစကား ငါးမျိုး ပြောနိုင်ပါတယ်။ ထိုင်း၊အင်္ဂလိပ်၊နော်ဝေ၊ပြင်သစ်၊ စပိန် ဘာသာစကားတွေကို ပြောနိုင်ပါတယ်။

(၁၀)အချစ်ရေး

သူမရဲ့ ပရိသတ်တွေ ကတော့ သိထားပြီးဖြစ်မှာပါ။မင်းသား Nadech Kugimiya နဲ့ ချစ်သူတွေပါ။Duang Jai Akkanee, Torranee Nee Krai Krong, Game Rai Game Ruk, ၊ Roi Fun Tawan Duerd စတဲ့ TV ဒရမ်မာ တွေမှာ စုံတွဲ သရုပ်ဆောင်ပြီးနောက်မှာတော့ အပြင်မှာပါ တကယ် ချစ်သူတွေ ဖြစ်သွားခဲ့တာပါ။ပွဲတွေမှာပါ အတူတွဲတတ်နေကြတဲ့ ချစ်သူ စုံတွဲပါ။

(၁၁)မြန်မာပြည်ကို လာခဲ့ဖူး

မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။ သူမရဲ့ IG ပေါ်မှာ မြန်မာပြည်ကို လာတုန်းက ပုံလေးတွေ တင်ထားတာကိုတွေ့ရပါ တယ်။

Source thainews