ပရိသတ်တွေကြားမှာ ခန္ဓာကိုယ်အချိုးအစား အလှအပကြောင့်နာမည်ကြီးတဲ့ သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေကြားမှာ သာမက မိန်ကလေးပရိသတ်တွေကြားမှာလည်း ရေးပန်းစား ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာ ပရိသတ်တွေကို အံ့သြမှင်သက်သွားစေမယ့် သူရဲ့ ခန္ဓာကိုယ် အလှအပတွေကို ထပ်မံထုတ်ပြလိုက်ပြန်ပါပြီ။

ဆွဲဆောင်မှုရှိရှိနဲ့ ညှို့အားပြင်းတဲ့ အလှပိုင်ရှင်တစ်ယောက်အဖြစ် နာမည်ကျော်တဲ့ သင်ဇာဝင့်ကျော်ကတော့ SK Herbal ကထုတ်တဲ့ All in one Sexy perfume body lotionကို ကြော်ငြာရင်းနဲ့ ဒီလို အမိုက်စားဓါတ်ပုံတွေကို ရိုက်ခဲ့တာဖြစ်ပါတယ်။ SK Herbal ရဲ့ လိုးရှင်းကို လိမ်းရင်နေလောင်ဒဏ်ခံနိုင်တယ်ဆိုတဲ့အကြောင်းကို သဘာဝကျကျ လက်တွေ့ ကြော်ငြာပြခဲ့တာဖြစ်ပါတယ်။

ရေကူးကန်နားမှာ sexy ကျကျ ဓါတ်ပုံတွေရိုက်ကူးထားတဲ့ သင်ဇာဝင့်ကျော်ကြောင့် ပုရိသတွေကတော့ အရူးအမူးဖြစ်နေကြပါပြီ။ ပရိသတ်တွေအတွက် သင်ဇာရဲ့ ခပ်မိုက်မိုက်ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thinzar Wint Kyaw