သူမတူတဲ့ ကိုယ်ပိုင်ဟန်စတိုင်တွေနဲ့ ဖမ်းစားတတ်တဲ့ အလှပိုင်ရှင်  မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမက လတ်တလောမှာ ကော့သောင်းကမ်းခြေကို ရောက်ရှိနေတာဖြစ်ပါတယ်။

သူမက ပုလဲ ကြော်ငြာရိုက်ကူးရေးအတွက် ကော့သောင်းကမ်းခြေကို ရောက်ရှိနေတာပါ။ အမြဲစတိုင်ကျနေတဲ့ သင်ဇာကတော့ ကော့သောင်းကမ်းခြေမှာလည်း စတိုင်အလန်းစားတွေနဲ့ မိုက်နေပါတယ်။ သင်ဇာဟာ Speed Boat မောင်းနေတဲ့ သူမရဲ့ ဓါတ်ပုံအလန်းစားတွေ တင်ပြီးတော့လည်း ပရိသတ်တွေကို ရင်ခုန်အောင်လုပ်ထားပါသေးတယ်။

ပရိသတ်တွေ ချစ်ကြတဲ့ သင်ဇာဝင့်ကျော်ရဲ့ ကမ်းခြေက အလန်းစားပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Thin zar Wint Kyaw