ချစ်သက် (သက်မွန်မြင့်)ကတော့ ဒီရက်ပိုင်းမှာ ပွဲဆက်တွေ များပြီး အရမ်းကို ပင်ပန်းနေပုံရပါတယ်။”လက်စားချေ နတ်သမီး” Press Show ပွဲ၊ဇွဲထက် ရတနာဆိုင်ရဲ့ ပွဲ၊ဓါတ်ပုံရိုက်ကွင်း.. ပွဲတွေကို ဆက်တိုက် အလုပ်တွေ များနေပါ တယ်။ ကျန်းမာရေးမကောင်းတော့ ဒီလထဲမှာ ကားရိုက်တွေ အများကြီး လက်မခံဖြစ်ဘူးလို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ အကြောင်းကို သက်မွန်မြင့်က မေလ(၂၄)ရက်နေ့က တင်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး အခုထိ နေပြန်ကောင်းသေးပုံမရပဲ အားနည်းနေပုံရပါတယ်။ ပွဲတွေ ဆက်တိုက်သွားပြီး မူးနေတဲ့ အကြောင်းကို သက်မွန်မြင့်က သူမရဲ့ fb မှာ အခုလို တင်ထားပါတယ်။

“ဒီနေ့ ပွဲတွေ မနက် တစ်ပွဲ ည တစ်ပွဲ တက်တယ်
ခု သွေးတွေ အကုန် စုပ်ထုတ်ခံထားရသလို
မူးတာမူးတာ
အင်တာဗျူးတွေလည်း ဘာတွေ ဖြေမှန်းမသိတော့ဘူး😩😩
အပြုံးတော့ လန်းဆဲ😁😁
ပုံလေးတွေ ကွန်မန့်မှာပို့ပေးကြမလားဟင်
ချစ်တယ်..” ဆိုပြီး တင်ထားပါတယ်။

သူမရဲ့ fb မှာ လက်ရှိနောက်ဆုံး တင်ထားတဲ့ Post လေးကတော့ မေမြို့တုန်းက ပုံလေးတွေပါ။

“မေမြို့က ပုံလေးတွေ မပြရသေးဘူး😉😊
ကိုယ့် အကြိုက်ဆုံးတွေထဲက အိတ်တစ်အိတ်ဖြစ်တဲ့ Aigner အိတ်လေးနဲ့..” ဆိုပြီး ပုံလေးတွေ တင်ထားပါတယ်။

from သက်မွန်မြင့်