TV ဒရမ်မာဇာတ်ကားသစ် ‘Kong Gum’ မှာ မင်းသားချော James Jirayu နဲ့ မင်းသမီးချော Bella Ranee  တို့ အတူတွဲသရုပ်ဆောင်ကြမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အခုနောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်း မှာတော့ James Jirayu တစ်ယောက Bella နဲ့အတူ အဓိကနေရာက ပါဝင်ပေးမှာ မဟုတ်ဘူး လို့ daranews မှာ ဖော်ပြထားပါတယ်။

Suparburoot Jutathep ဇာတ်ကားမှာ စုံတွဲအဖြစ် အတူတွေ့မြင်ရပြီးနောက် နှစ်ယောက်သား အတူတွဲ မတွေ့ ရတာကြာပြီမို့ ပရိသတ်တွေက သူတို့နှစ်ယောက်ကို အတူတွဲမြင်ခွင့်ရချင်နေတာကြာပါပြီ။သရုပ်ဆောင် တဲ့ နေရာမှာ အရမ်းကို လိုက်ဖက်လွန်းလို့ ပရိသတ်တွေက အပြင်မှာပါ နီးစပ်သွားစေချင်နေတဲ့ သရုပ်ဆောင်နှစ်ယောက်ပါ။

JJ မတိုင်ခင် Alek Teeradetch ကို ဒီကားမှာ အဓိက မင်းသားနေရာကနေ သရုပ်ဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် သူရိုက်နေတဲ့ ဒရမ်မာကားက ရုတ်တရက် အချိန်ဇယားအပြောင်းအလဲ ရှိသွား တဲ့ အတွက် မင်း သားနေရာမှာ အပြောင်းအလဲဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ Alek Teeradetch နဲ့ပဲ ရိုက်ဖို့ ဖြစ်သွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် JJ က Bella ရဲ့ခင်ပွန်းနေရာကနေ သရုပ်ဆောင်မယ့် မင်းသား Alek Teeradetch ရဲ့ ညီငယ် နေရာမှာ ပါဝင်ပေးမယ်လို့ သိရပါတယ်။ဒီကားမှာပါမယ့် ဇာတ်ကောင်ပုံစံကတော့ ကိုယ်ချစ်တဲ့သူကို အိမ်ကသဘောမတူ၊အိမ်က သဘောတူတဲ့ တခြားမိန်းကလေးနဲ့လက်ထပ်ဖို့ အတင်းဖိအားပေးခံရတဲ့ ပုံမျိုးလို့ သိရပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။