1.miss A
အဖွဲ့ဝင် Jia နဲ့ Min ဟာ JYP Entertainment ကနေထွက်ခွာသွားခဲ့ပြီးနောက်မှာတော့ miss A အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတာကို ကြေညာခဲ့ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Fei နဲ့ Suzy ကတော့ သရုပ်ဆောင်နဲ့ အခြားသော တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
2. Wonder Girls
အဖွဲ့ဝင် Sunmi နဲ့ Yeeun တို့ Wonder Girls ရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment ကထွက်ခွာပြီးနောက်မှာတော့ Wonder Girls အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ကြောင်းကို ကြေညာခဲ့ပါတယ်။
3. I.O.I
သူတို့အဖွဲ့ကတော့ (၁)နှစ်စာချုပ်နဲ့ အဖွဲ့ဝင်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပြီး I.O.I အဖွဲ့ရဲ့ Solo Concert ကို ပြုလုပ်ပြီးနောက်မှာ အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။
4. SISTAR
အဖွဲ့ရဲ့ စာချုပ်သက်တမ်းပြည့်သွားတဲ့နောက်မှာတော့ အဖွဲ့ဝင်တွေဟာ အဖွဲ့ကို ဖျက်သိမ်းဖို့အတွက် ဆုံးဖြတ်ခဲ့ကြပြီး Dasom နဲ့ Soyou နှစ်ယောက်ပဲ Starship Entertainment နဲ့ စာချုပ်အသစ်ချုပ်ဆိုခဲ့ပါတယ်။
5. SPICA
သူတို့အဖွဲ့ကတော့ မသိတဲ့သူလည်းများလို့ (၅)နှစ်လောက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရပါတယ်။ ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလမှာ အဖွဲ့ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
6. History
သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ FAVE Entertainment က အဖွဲ့ကို ဖျက်သိမ်းပြီး တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကို အသားပေးဆောင်ရွက်စေခဲ့ပါတယ်။
7. I.B.I
I.O.I အဖွဲ့လိုပဲ I.B.I အဖွဲ့ဟာ လည်း တစ်နှစ်အကြာမှာ ဖျက်သိမ်းခဲ့ပါတယ်။
8. Chocolat
သူတို့ကတော့၂၀၁၃ ခုနှစ်ကတည်း အနုပညာလှုပ်ရှားမှုတွေ မရှိတော့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ စာချုပ်ကတော့ ဖေဖေါ်ဝါရီ လမှာပြည့်သွားခဲ့တာဖြစ်ပါတယ်။
9. D.Holic
အဖွဲ့ဝင် Renaကလွဲပြီး ကျန်တဲ့ အဖွဲ့ဝင်တွေအားလုံး အဖွဲ့ကနေထွက်သွားခဲ့ကြပြီးနောက် အဖွဲ့ကို တရားဝင် ဖျက်သိမ်းခဲ့ပါတယ်။
10. The Legend
သူတို့အဖွဲ့ရဲ့ အနုပညာအေဂျင်စီနဲ့ အမှုရင်ဆိုင်ခဲ့ပြီး မေလမှာ အမှုနိုင်သွားခဲ့ပြီးနောက်မှာတော့ အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ပါတယ်။
11. Unicorn
အဖွဲ့ဝင် Rumi က အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ကြောင်းကို သူရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
12. VX
ဒီအဖွဲ့ကတော့ ၂၀၁၇နိုဝင်ဘာလမှာ တရားဝင် ဖျက်သိမ်းခဲ့ပါတယ်.
Source: Koreaboo