ကိုရီးယားရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Dispatch ဟာ နှစ်သစ်ရောက်တိုင်း ဆယ်လီအတွဲတစ်တွဲစီဖေါ်ထုတ်ပြီး နှစ်သစ်ကို ကြိုဆိုလေ့ရှိပါတယ်။ Girls’ Generation ရဲ့ Yoona နဲ့ Lee Seung Gi, Rain နဲ့ Kim Tae Hee တို့အပြင် EXIDရဲ့ Hani နဲ့ JYJ ရဲ့ Junsu တို့ စုံတွဲတွေကိုလည်း Dispatch ကနေပဲ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ BIGBANG အဖွဲ့ဝင် G-Dragon နဲ့ Afterschool ရဲ့ အဖွဲ့ဝင်ဟောင်း Lee Joo Yeon တို့ (၃)ရက်ကြာ ဂျယ်ဂျူကျွန်းမှာ အတူတူရှိခဲ့ကြောင်းကို ဖေါ်ထုတ်ခဲ့ပြီး သူတို့နှစ်ယောက် တွဲနေကြတဲ့အကြောင်းကိုလည်း ဖေါ်ထုတ်ခဲ့ပါတယ်။

Dispatch ဟာ G-Dragon နဲ့ Lee Joo Yeon တို့ရဲ့အကြောင်းကို သူတို့ရဲ့ ကားတွေနောက်ကိုလိုက်ရင်းနဲ့ သိခဲ့တာဖြစ်ပါတယ်။ Dispatch ရဲ့ သတင်းထောက်ဟာ G-Dragon ရဲ့ကား Lee Joo Yeon နေအိမ်ကိုသွားတဲ့ပုံအပြင့် Lee Joo Yeon ရဲ့ကား G-Dragon ရဲ့ အိမ်ကို သွားတဲ့ပုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ (၁၅)ရက်နေ့မှာတော့ G-Dragon ဟာ သူရဲ့ Rolls Royce ကားကိုစီးပြီး ဂျယ်ဂျူကျွန်းကိုသွားဖို့အတွက် ညနေ(၂)နာရီလောက်မှာ Gimpo လေဆိပ်ကို လာခဲ့ပါတယ်။

Lee Joo Yeon ကတော့ လေဆိပ်ကို (၄)နာရီလောက်မှာ ရောက်လာခဲ့ပြီး G-Dragon စောင့်နေတယ့် ဂျယ်ဂျူကျွန်းကို သွားခဲ့ပါတယ်။

ဂျယ်ဂျူကျွန်းကို ရောက်တဲ့ အချိန်မှာတော့ Lee Joo Yeon ကို BIGBANG ရဲ့ မန်နေဂျာနဲ့အတူ G-Dragon စောင့်နေတဲ့ ဗီလာထဲကို ၀င်သွားခဲ့ပါတယ်တဲ့။

သူတို့နှစ်ဦးဟာ ဂျယ်ဂျူကျွန်းမှာ (၃)ရက်ကြာ အတူရှိနေခဲ့ကြတယ်လို့ Dispatchရဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

Source: Koreaboo