The Boyz အဖွဲ့ဝင် Q နဲ့ MOMOLANDအဖွဲ့ဝင် Nancyတို့ ညဘက်အချိန်မှာ နှစ်ေ်ယာက်အတူ အရက်သောက်နေတာကို တွေ့သွားတဲ့ ပရိသတ်တစ်ယောက်က ဓါတ်ပုံ ရိုက်ပြီးတင်လိုက်တာကြောင့် အင်တာနက်ပေါ်မှာတော့ ပရိသတ်တွေကြား ပြောစရာဖြစ်နေပါတယ်။

Koreaboo
twitter.com

သူတို့နှစ်ယောက်ကတော့ Konkuk University အနီးက ဘားတစ်ခုမှာ အရက်သောက်နေကြတာဖြစ်တယ်လို့ ဓါတ်ပုံကို တင်လိုက်တဲ့သူက ပြောထားပါတယ်။ အဲဒီနေရာမှာတော့ The Boyz အဖွဲ့ဝင် Eric နဲ့  Cherry Bulletအဖွဲ့ဝင်  Jiwon တို့လည်း ရှိနေကြတယ်လို့ ပြောထားပါသေးတယ်။ သူတို့တွေကတော့ တစ်ေ်ယာက်နဲ့တစ်ယောက် လက်တွေချိတ်ထားတာလည်းတွေ့လို့ တော်တော်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်မယ်လို့ ဓါတ်ပုံတင်တဲ့သူက ပြောထားပါသေးတယ်။

Koreaboo

The Boyz အဖွဲ့ဝင် Q နဲ့ MOMOLANDအဖွဲ့ဝင် Nancy တို့ရဲ့ ဓါတ်ပုံကတော့ အင်တာနက်ပေါ်မှာ ပျံ့နေတာကြောင့် ပရိသတ်တွေကတော့ ဖြေရှင်းချက်ပေးဖို့စောင့်နေကြပါတယ်။

Pinterest
Koreaboo

Source: Koreaboo