MRTV-4 ရုပ်သံဇာတ်လမ်းတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သာထက်ဥာဏ်ဇော်ကတော့ ဒီကနေ့မှာ အသက် (၂၃) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ “9” ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ပိုပိုပြီး ရရှိလာတာဖြစ်ပါတယ်။

မကြာသေးခင်ကမှ မိခင်နဲ့ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရသူတစ်ယောက်ဖြစ်ပေမဲ့လည်း စိတ်ဓါတ်ကြံခိုင်စွာနဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားဆောင်ရွက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သာထက်ဥာဏ်ဇော်အတွက်တော့ ဒီကနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ အသက် (၂၃) နှစ်ပြည့်မွေးနေ့ဟာ မိခင်နဲ့ ညီဖြစ်သူတို့ မပါပဲ ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းရတဲ့ မွေးနေ့လည်းဖြစ်ပါတယ်။

သာထက်ဥာဏ်ဇော်ရဲ့ ပရိသတ်တွေကတော့ အသက်(၂၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ သာထက်ဥာဏ်ဇော်အတွက် ဆုတောင်းမေတ္တာစကားတွေပြောပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။ ပရိသတ်တွေလည်း သာထက်ဥာဏ်ဇော်တစ်ယောက် အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက်  မွေးနေဆုတောင်းပေးလိုက်ကြပါဦီးနော်။

Source: Thar Htet Nyan Zaw