MRTV-4 ကနေပြသတဲ့ “9”ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သာထက်ဥာဏ်ဇော်ရဲ့ မိခင်နဲ့ ညီဖြစ်သူကတော့ ဧပြီလ ၁၇ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာပါဝင်ခဲ့ပြီး အသက်သေဆုံးရတဲ့အထိ အဖြစ်ဆိုးမျိုးကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသွားပြီဖြစ်တဲ့ မိခင်နဲ့ ညီငယ်ဖြစ်သူတို့အတွက်ကို ရည်စူးပြီးတော့ သာထက်ဥာဏ်ဇော်ကတော့ အခုလိုပဲ ရင်နင့်ဖွယ်ဆုတောင်းစကားလေးကို ရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေတိုင်းကလည်း သာထက်ဥာဏ်ဇော်အတွက် အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ကြပြီး သာထက်ဥာဏ်ဇော်ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာလည်း ဆုတောင်းစကားတွေဝင်ရောက်ရေးသားခဲ့ကြပါတယ်။

သာထက်ဥာဏ်ဇော်ကို ချစ်တဲ့ ပရိသတ်တွေလည်း သာထက်ဥာဏ်ဇော်ရဲ့ ချစ်မိခင်နဲ့ ညီငယ်တို့ အတွက် ဆုတောင်းမေတ္တာပို့သပေးလိုက်ကြပါဦးနော်။

Source: Thar htet Nyan zaw