ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ပုပ္ပါးတောင်ကို သူ့ရဲ့ ချစ်ရသူနဲ့အတူ သွားရောက်ခဲ့ပါတယ်။

မင်းသမီးသန္တာလှိုင်ကတော့ ပုပ္ပါးတောင်မကြီးကို လွန်ခဲ့တဲ့ (၁၉၉၉)ခုနှစ်လောက်ကတည်းက သွားချင်နေခဲ့တာဖြစ်ပြီး အခါအခွင့်မသင့်လို့ မသွားနိုင်ခဲ့တာဖြစ်တယ်လိုလည်း ဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ပုပ္ပါးတောင်ထိပ်အထိ သူမရဲ့ ချစ်သူနဲ့အတူတက်ခဲ့ပြီး တောင်ထိပ်အထိ တက်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေစ်ဘုတ်မှာ တင်ထားပါသေးတယ်။

သန္တာလှိုင်ရဲ့ ပရိသတ်တွေအတွက် ပုပ္ပါးတောင်ကို သွားခဲ့တဲ့ သန္တာလှိုင်ရဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။