အမြဲအရွယ်တင်နုပျိုနေတဲ့ သန္တာလှိုင်ကတော့ အသက်အရွယ်နဲ့စာရင် အရမ်းကို ငယ်ရွယ်ပြေပြစ်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိသူ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအားကစားတွေကို လိုက်စားတဲ့ သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတိုင်း အတွက် ကျန်းမာရေးဗဟုသုတတွေလည်း သူမရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ မတ်လ ၆ရက်နေ့က သူမရဲ့ ချစ်ခင်ပွန်းနဲ့အတူ ငွေဆောင်ကမ်းခြေကို အပန်းဖြေရောက်ရှိလို့နေပါတယ်။ အမြဲလိုလိုလှနေတဲ့ သန္တာလှိုင်ကတော့ ဘစ်ကနီလေးဝတ်ပြီး သူမရဲ့ ခန္ဓာကိုယ်အလှကို ယုံကြည်ကြည်မှုရှိရှိနဲ့ ဓါတ်ပုံတွေရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

သူမရဲ့ ချစ်ရတဲ့ ခင်ပွန်းနဲ့ အတူလည်း ဓါတ်ပုံတွေရိုက်ပြီးတင်ထားပါသေးတယ်။ သန္တာလှိုင်ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thandar Hlaing