နာမည်ကျော် မော်ဒယ်မင်းသမီး တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ သူမရဲ့ ဖေစ်ဘုတ်စာမျက်နာမှာ မိန်းကလေးတွေအတွက် ဗဟုသုတရစေမယ့် စာလေးတွေတင်ပြီး မျှဝေပေးတတ်တဲ့ သူတစ်ယောက်ပါ။ ဇန်နဝါရီလ (၁၄)ရက်နေ့က သူ့မရဲ့ ဖေစ်ဘုတ်ပေါ်မှာ မိန်းကလေးတွေအတွက် သတိထားသင့်တဲ့ အရာတစ်ခုကို တင်ပေးခဲ့ပါတယ်။

ဒီအကြောင်းလေးကိုတော့ “ဒီနေ့ သူက ခြေထောက်လေးကို လာနမ်းရင်းနဲ့ သူများကို ‘မာမီ ခြေသလုံးမွေးတွေနဲ့’ တဲ့….”လို့အစပြုပြီးရေးထားပြီး အနောက်တိုင်းသား ဖြစ်ဖြစ် ၊အာရှသားဖြစ်ဖြစ် ကောင်မလေးတွေ ခြေသလုံးမွှေးမရိပ်ထား ရင် Jungle Feet လို့ပြောပြီး ဟားတတ်ကြတယ်လို့ သန္တာလှိုင်က သူရဲ့ ဖေစ်ဘုတ်မှာရေးထားတာ ဖြစ်ပါတယ်။

မိန်းကလေးတွေ ခြေသလုံးမွှေးတွေ မရှိချင်ရင် Waxing လုပ်တာက ခြေသလုံးမွှေးကြမ်းကြမ်းတွေ မထွက်ဖို့အတွက် အကောင်းဆုံးပါပဲလို့ သန္တာလှိုင်က မိန်းကလေးတွေကို အကြံပေးထားတာဖြစ်ပါတယ်။

Source: Thandar Hlaing