ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ မော်ဒယ်ချောချောလေးသန္တာဗိုလ်နဲ့ မင်းသားချော ကောင်းပြည့်တို့ကတော့ သာယာတည်ငြိမ်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ သူနှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အနုပညာလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါလည်း တစ်ဦးနဲ့တစ်ဦးအမြဲအားပေးနေကြတဲ့ စုံတွဲဖြစ်ပါတယ်။

မတ်လ ၂၂ရက်နေ့မှာတော့ သန္တာဗိုလ်ဟာ သူမချစ်သူရိုက်ပေးထားတဲ့ဓါတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။ “ချစ်သူကပြောတယ် Caption ဘာမှမရေးနဲ့တဲ့” ဆိုတဲ့ စာလေးရေးပြီး သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံလေးတွေ တင်ထားတာဖြစ်ပါတယ်။

သန္တဗိုလ်ကတော့ တကယ်ကို ဓါတ်ပုံရိုက်တော်တဲ့ ချစ်သူကို ရထားတာပဲနော်။ တကယ်ကို ဓါတ်ပုံတွေက အမိုက်စားတွေပါပဲ။ ပရိသတ်တွေရော သန္တဗိုလ်ရဲ့ဓါတ်ပုံတွေကို သဘောကျကြတယ်မလား။

Source: Thandar Bo