ထိုင်းရုပ်ရှင်နဲ့ ဒရမ်မာဇာတ်ကားတွေ ထဲမှာ တော့ စိတ်ကူးယဉ် ဖန်တီးထားတာတွေ လည်း ရှိသလို တစ်ချို့ ဇာတ်ကားတွေ က တကယ့် ဖြစ်ရပ်မှန်ကို ဇာတ်ကား အဖြစ်နဲ့ ပြန်လည် ပုံဖော်ရိုက်ကူးထားတာတွေ လည်းရှိပါတယ်။တကယ့်အ ဖြစ် မှန်ကို အခြေခံထားတဲ့ ဇာတ်ကားတွေ အကြောင်းကိုတော့ Thai Update မှာ အခုလို ဖော်ပြထားပါတယ်။
Club Friday The Series
ဖြစ်ရပ်မှန်ကို အ ခြေခံရိုက်ထားတဲ့ ဇာတ်ကားက တော့ Club Friday The Series ပါ။ TV drama producer Dj Chod က ဒါဟာ တကယ့် အဖြစ်မှန်ကို အခြေခံရိုက်ထားတာပါလို့ ထုတ်ပြောခဲ့တာပါ။
Teacher’s Diary
နောက်ထပ် ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတဲ့ ဇာတ်ကားက တော့ Teacher’s Diary ပါ။ဒီဇာတ်ကားက တော့ (၂၀၁၄)က ထွက်ရှိ ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ Bie Sukrit နဲ့ Ploy Chermarn တို့ ပါဝင် ထားကြပါတယ်။ Samart Suta ဆိုတဲ့ ဆရာ တစ်ယောက်ရဲ့ အ ကြောင်း ကပို ပြန်ရိုက်ထားတာပါ။(၈၇)ကြိမ်မြောက် Academy Awards ပွဲမှာ Best Foreign Language Film ဆု ရခဲ့ပါတယ်။ဒီဇာတ်ကား ကို အိန္ဒိယ ဗားရှင်းနဲ့ ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ Notebook ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်တာ ဖြစ်ပြီး (၂၀၁၉)က ထွက်ရှိခဲ့ပါတယ်။
Roy Leh Marnya
TV ဒရမ်မာဇာတ်ကား Roy Leh Marnya က တော့ လက်ရှိမှာ ထုတ်လွှင့်ပြသ နေတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားက တော့ တကယ့် အဖြစ် မှန်ကို အခြေခံရိုက်ထားတာပါ။ TV drama producer တစ်ယောက် ဖြစ်တဲ့ Nok Jariya နဲ့ အင်တာဗျူး မှာတော့ သူငယ်ချင်းရဲ့ အဖြစ် အပျက်ကို ပြန်လည် ရိုက်ကူးထားတာလို့ ပြောခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ Pope Thanawat, Bella Ranee, Louis Scott, Bua Nalinthip, Phet Thakrit တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ Thai TV3 မှာ (၂၀၂၀)အောက်တိုဘာ (၅)ရက်နေ့ကမှ စတင် ထုတ်လွှင့်ပြသ နေတဲ့ ဇာတ်ကားပါ။
#CELENOW