ထိုင်းရုပ်ရှင်ဇာတ်ကားတွေ၊ဇာတ်လမ်းတွဲတွေနဲ့ ထိုင်းအနုပညာရှင်တွေကို ချစ်တဲ့ ပရိသတ်တွေ တဖြည်းဖြည်း ပိုများ လာတာကို တွေ့ရပါတယ်။ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံက ဆယ်လီတွေရဲ့ အနုပညာနဲ့ မပတ်သက်တဲ့ တခြား skill တစ်ခု အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဘာသာစကား skill အရမ်းကောင်းတဲ့ ဆယ်လီတွေ အကြောင်းပါ။ ဘာသာစကားကို (၃)မျိုးနဲ့ အထက် ပြောဆိုနိုင်ကြတဲ့ ထိုင်းဆယ်လီတွေရှိပါတယ်။သူတို့ကတော့….
1. Bo Thunyasupan
ထိုင်းမင်းသမီးချောလေး Bo Thunyasupan ရဲ့ ဘာသာစကားစွမ်းရည်ကတော့ လက်ဖျားခါလောက်စရာပါ။ သူမဟာ ဘာသာစကား(၆)မျိုးပြောတတ်ပါတယ်။ ထိုင်း၊အင်္ဂလိပ်၊ပြင်သစ်၊ဂျပန်၊ကိုရီးယားနဲ့ စပိန် ဘာသာစကား တွေကို ပြောဆိုနိုင်ပါတယ်။
2. Yaya Urassaya
Yaya Urassaya ကတော့ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ထိုင်းမင်းသမီးလေးပါ။သူမကတော့ ဘာသာစကား ငါးမျိုးတောင်ပြောနိုင်ပါတယ်။သူမပြောနိုင်တဲ့ ဘာသာစကားတွေကတော့ ထိုင်း၊နော်ဝေ၊အင်္ဂလိပ်၊စပိန်နဲ့ ပြင်သစ် ဘာသာစကားတွေပါ။
3. Nickhun (2PM)
Nickhun ကတော့ ထိုင်း၊ကိုရီးယားနဲ့ အာရှနိုင်ငံတွေမှာပါ နာမည်ကြီးသူပါ။သူကတော့ ဘာသာစကား ငါးမျိုး ပြော နိုင်ပါတယ်။ ထိုင်း၊အင်္ဂလိပ်၊ကိုရီးယား၊တရုတ်နဲ့ ဂျပန်ဘာသာစကားတွေကို ပြောနိုင်ပါတယ်။
4. Rita Sririta
မော်ဒယ်အချောလေး Rita Sririta ကတော့ (၃)မျိုးပြောနိုင်ပါတယ်။ထို င်း၊အင်္ဂလိပ်နဲ့ဒိန်းမတ် ဘာသာစကားကို ပြောနိုင်ပါတယ်။ သူမကိုယ်တိုင်ကလည်း ထိုင်း-ဒိန်းမတ် ကပြားမလေးပါ။
5. Mai Davika
Mai ကတော့ ထိုင်း၊အင်္ဂလိပ်နဲ့ ဒတ်ခ်ျဘာသာစကားတွေ ပြောနိုင်ပါတယ်။
6. Stephany Auernig
မော်ဒယ်၊မင်းသမီး Stephany Auernig ကတော့ (၃)မျိုးပြောနိုင်ပါတယ်။ ထိုင်း၊အင်္ဂလိပ်နဲ့ ဂျာမန်ဘာသာစကား တွေကို ပြောနိုင်ပါတယ်။
7. Mario Maurer
နေရာတိုင်းမှာပါတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်း Mario ကတော့ ဒီစာရင်းထဲမှာလည်း ပါ,ပါတယ်။ ဘာသာစကား(၃)မျိုး ပြော နိုင်ပါတယ်။ထိုင်း၊အင်္ဂလိပ်နဲ့ ဂျာမန်ဘာသာစကားတွေပါ။
8. Chin Chinawut
ထိုင်းအဆိုတော် Chin Chinawut ကတော့ ဘာသာစကား(၃)မျိုးပြောနိုင်ပါတယ်။ထိုင်း၊အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာ စကား တွေကို ပြောနိုင်ပါတယ်။
9. James Ma
James Ma ကတော့ ထိုင်း၊အင်္ဂလိပ်နဲ့ တရုတ် ဘာသာစကားတွေကို ပြောနိုင်ပါတယ်။
10. Kimmy Kimberley
ထိုင်းမင်းသမီးချောလေး Kimmy Kimberley ကတော့ ဘာသာစကား (၃)မျိုးပြောနိုင်ပါတယ်။ထိုင်း၊အင်္ဂလိပ်နဲ့ ဂျာမန်ဘာသာစကားတွေ ပြောနိုင်ပါတယ်။သူမရဲ့ အဖေက ဂျာမန်လူမျိုးပါ။
FROM THAINEWS