ခပ်မိုက်မိုက်ဒီဇိုင်းလေးတွေနဲ့ ပရိသတ်တွေကို ကြွေအောင်ဖမ်းစားတတ်တဲ့ မော်ဒယ်/မင်းသမီးလေးတစ်ဦးဖြစ်တဲ့ သန္တာဗိုလ်တော့ သူမရဲ့ ချစ်သူ မင်းသားချော ကောင်းပြည့်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ သူတို့နှစ်ဦးကတော့ ပရိသတ်တွေတိုင်းချစ်ကြတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့နှစ်ယောက်ရိုက်ကူးနေတဲ့ ရုပ်ရှင်ကတော့ ပရိသတ်တွေတိုင်း မျှော်လင့်နေကြတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့နှစ်ဦးအတူ ပါဝင်သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ကားရဲ့ နာမည်ကတော့ “အဝါရောင် ဒဏ်ရာ”လို့အမည်ရပြီး သူတို့နှစ်ဦး အတူကြိုးစားသရုပ်ေ်ဆာင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။

ပရိသတ်တွေကတော့ ရိုက်ကွင်းက ဓါတ်ပုံလေးတွေကို ကြည့်ပြီး ရုပ်ရှင်ကားကို အမြန်ဆုံးကြည့်ချင်နေကြပါပြီ။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းကဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thandar Bo