Exo အဖွဲ့ဝင်ဟောင်း Tao ကတော့ မကြာသေးခင်က ပရိတ်သတ်တွေနဲ့ Live လွှင့်နေတုန်းမှာပဲ Cele အမျိုးသမီးတစ်ဦးကို ချစ်မိနေတယ်လို့ ၀န်ခံဖွင့်ဟခဲ့ကြောင်း Koreaboo ကဖော်ပြလာပါတယ်။

Live လွှင့်နေတုန်းမှာ သူချစ်တဲ့ အမျိုးသမီး Cele သာလက်ခံမယ်ဆို ချက်ချင်းတောင် လက်ထပ်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်တဲ့ ။ Tao ကတော့ “ကျတော်ပြောပြပါ့မယ်။ အမှန်တော့ ကျတော် အရမ်းကိုချစ်မိနေတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ သူ့ကို နှစ်နှစ်ကာကာနဲ့ကို ချစ်မိနေတာပါ။ သူသာလက်ခံမယ်ဆိုရင် မနက်ဖြန်ချက်ချင်းတောင် လက်ထပ်မှာပါ။ အရမ်းချစ်မိနေလွန်းလို့ သူ့ရဲ့ video တွေဆို တစ်နေကုန်ကိုကြည့်နေမိတာ။  fan တစ်ယောက်လိုချစ်တာမဟုတ်ဘူးနော် … ကျတော်က သူနဲ့ချစ်သူဖြစ်ချင်တာပါ။ ဒါပေမယ့် ကျတော်နဲ့သူနဲ့က နိုင်ငံချင်းမတူတော့ မတွေ့ရပါဘူးဗျာ။ ကျတော်သူ့ကို message တွေတောင်ပို့ဖူးပါတယ်။ reply တော့ပြန်မရခဲ့ပါဘူး။ ကျတော် ရှက်လဲရှက်ပါတယ်။ ကျတော်ဆိုလည်း message တွေဆိုဝင်မဖတ်မိဘူးလေ။ အများကြီးတော့ မပြောပြတော့ပါဘူး။ သူက တစ်ခြားနိုင်ငံကပါ…” လို့ပြောခဲ့တာပါ။

 

 

View this post on Instagram

 

A post shared by 이지금 (@dlwlrma)

သူချစ်နေတဲ့သူက ဘယ်သူဘယ်ဝါလို့တော့ထုတ်မပြောခဲ့ပေမယ့် Fan တွေကတော့ အဆိုတော် မင်းသမီးချော IU ဖြစ်မယ်လို့ ကောက်ချက်ချနေကြပါတယ်။

IU လို့ခန့်မှန်းရတဲ့ အကြောင်းအရင်းကတော့ Tao ရဲ့ instagram မှာ follow လုပ်ထားတဲ့သူ ၃ယောက်ပဲရှိပါတယ်တဲ့ ။ အဲ့ထဲက နှစ်ယောက်ကတော့ သူနဲ့လုပ်ဖော်ကိုင်ဖက် Agency တူတဲ့လူတွေဖြစ်ပြီး နောက်တစ်ယောက်ကတာ့ IU ဖြစ်နေခဲ့တာပါ။ Weibo က fan တွေပြောပြချက်အရဆိုရင် မကြာသေးခင်တုန်းကလည်း Tao ကသူ့ရဲ့ အကောင့်မှာ IU ရဲ့ပုံကိုတင်ပြီးမှ ချက်ချင်းပြန်ဖျက်လိုက်တာတွေ့ခဲ့ရပါတယ်တဲ့

#CELENOW