လာမယ့် ၂၀၁၈ မှာ လက်ထပ်ကြတော့မယ့် Taeyang နဲ့ Min Hyo Rin တို့စုံတွဲကတော့  မင်္ဂလာရက်ကို သတ်မှတ်လိုက်ကြပြီလို့  သူတို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကနေ ပြောခဲ့တာဖြစ်ပါတယ်။Taeyang နဲ့ Min Hyo Rin တို့စုံတွဲဟာ ၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီ (၃)ရက်နေ့မှာ လက်ထပ်ထိမ်းမြားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ SHINee အဖွဲ့ဝင် Jonghyunကို လေးစားတဲ့အနေနဲ့ သူတို့ရဲ့ မင်္ဂလာသတင်းတွေကို ပရိသတ်တွေကို အသိပေးခြင်း မပြုလုပ်သေးတာလို့လည်း ဆိုပါတယ်။

Taeyang နဲ့ Min Hyo Rinတို့ဟာ ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Taeyang ရဲ့ သီချင်းဗီဒီယိုမှာ စတင်တွေဆုံခဲ့တာဖြစ်ပြီး သူတို့ချစ်သူဖြစ်ကြောင်းကိုတော့ ၂၀၁၅ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။ Taeyang နဲ့ Min Hyo Rin တို့နှစ်ဦးဟာ သူတို့ရဲ့ မင်္ဂလာကိစ္စကို လွန်ခဲ့တဲ့ လကတည်းကပြင်ဆင်နေခဲ့တာဖြစ်ပြီး Taeyang စစ်မှုမထမ်းခင်မှာ လက်ထပ်နိုင်ဖို့အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

Source: Koreaboo